မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများအား ကျောင်းစတင်အပ်နှံ

မြစ်သား မေ ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသား/ကျောင်းသူများအား ယမန်နေ့နံနက်(၉)နာရီအချိန်မှ စတင်ပြီး ကျောင်းအပ်နှံမှုကို စတင်လက်ခံလျက်ရှိရာ ကျောင်းများတွင် ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများကများပြားစွာ လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။

မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအနေနဲ့ အ.ထ.က(၉)ကျောင်း၊ အ.ထ.ကခွဲ(၈)ကျောင်း၊ အ.လ.က(၅)ကျောင်း၊ အ.လ.ကခွဲ (၆)ကျောင်း၊ အခြေခံပညာမူလွန်ကျောင်း(၂၀)ကျောင်းနှင့်  အခြေခံပညာမူလတန်းကျောင်း (၁၃၆)ကျောင်း စုစုပေါင်း (၁၈၄)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(၂)ကျောင်းရှိရာ ကျောင်းအပ်နှံသည့် ‌ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၆၃၄၄)ဦး အပ်နှံခဲ့ပြီးဖြစ်ရာ မေလ (၂၄)ရက်နေ့တွင်လည်း ကျောင်းအပ်နှံမှုများ များပြားလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် သတ်မှတ်ထားသော မေလ (၂၃)ရက် နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံမှုကို လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)