ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ (၄၀)ရပ်ကွက်တွင် ပြည်သူများအား ကို​ဗစ်-၁၉ ​ရောဂါ ကာကွယ်​ဆေးကွင်းဆင်းထိုးနှံပေး

ဒဂုံအမြာက် ​​​မေ  ၂၄

ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင်  ကို​ဗစ်-၁၉​ ရောဂါကာကွယ်​ဆေးထိုးနှံခြင်းလုပ်ငန်းကို စဥ်ဆက်မပြတ်​ဆောင်ရွက်​ပေးလျက်ရှိရာ ယ​မန်နေ့‌နံနက်ပိုင်းက အမတ်(၄၀)ရပ်ကွက်ရှိ အမှတ်(၂၀)အခြေခံပညာမူလတန်းကျောင်းတွင် ရပ်ကွက်နေပြည်သူ စုစု​ပေါင်း(၂၀၅)ဦးအား ကိုဗစ်-၁၉ ​ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ‌ ဆောင်ရွက်ရာတွင် ​ပြည်သူများအား  ကျန်းမာရေးဝန်ထမ်းများမှ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့်  ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေး‌ကောင်စီဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များနှင့် စေတနာ့ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ