ကွတ်ခိုင် မေ ၂၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပမှုဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံတစ်ဝှမ်း သစ်တောစိမ်းလန်းစိုပြေရေးနှင့် သစ်ပင်သစ်တောများ ပေါများလာပြီး ရာသီဥတု ကောင်းမွန်မျှတရေး တို့ကိုရည်ရွယ်၍ မိုးရာသီအကြိုသစ်ပင်စိုက်ပွဲကို ယမန်နေ့ နံနက်(၉:၀၀) နာရီအချိန်က၊ အမှတ်(၄)ရပ်ကွတ်၊ အ.ထ.က(၁)ကျောင်းဝင်းအတွင်း၌ ကျင်းပ ဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) ကွတ်ခိုင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ကွတ်ခိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာအလိုက်သစ်ပင်များ ပေးအပ်ကြသည်။
ထို့နောက် သစ်ပင်များ စိုက်ပျိုးကြရာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းအောင်စိုးနှင့်တကွ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲမှူးကြီး လှိုင်မင်းစိုး၊ ခရိုင်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဝင်းလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်နှင့် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်သက်တို့က ဦးဆောင်၍ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရဲတပ်ဖွဲဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ တိုင်းရင်းသားယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ စုပေါင်းပြီး ယူကလစ်(၈၅)၊ ချယ်ရီ(၈၅)၊ ရေးသင်းဝင်(၈၅)၊ သစ်လှ(၈၀)နှင့် ဆူးထင်းရှူး(၆၆) စုစုပေါင်း ပျိုးပင်ပေါင်း(၄၀၁)ပင်အား မိုးရာသီအကြို သစ်ပင်စိုက်ပွဲတော်တွင် စိုက်ပျိုးခဲ့ကြသည်။
ဆက်လက်ပြီး မိုးရာသီအကြိုသစ်ပင်စိုက်ပွဲတွင် သက်ဆိုင်ရာဌာနဆိုင်ရာများအလိုက် စိုက်ပျိုးထားရှိမှုနှင့် စနစ်တကျစိုက်ပျိုးထားမှု ရှိ/မရှိ တို့ကို ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)