ကန်ကြီးထောင့် မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက် ၈ နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံလျက်ရှိရာ မြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရန် လာရောက်ကြသော ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဆောင်ပုဒ်မှာ “ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့” ဟု လူစည်ကားရာနေရာများတွင် ဆိုင်းဘုတ်များ စိုက်ထူတိုက်တွန်းထားပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ(၂၃) ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရာ ကန်ကြီးထောင့်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ မိဘ အုပ်ထိန်းသူများနှင့် ကျောင်းသားကျောင်းသူများ စည်ကားစွာ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)