ဖျာပုံ မေ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး ယနေ့ နံနက် ၈ နာရီအချိန်က ကျောင်းအပ်နှံမှု စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။
ဖျာပုံမြို့နယ်အနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှု စတင်လက်ခံ ဆောင်ရွက်လျက်ရှိရာသို့ ဖျာပုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူး ငွေမင်းထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲလင်းဦးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး အခြေခံပညာ ဦးစီးဌာန၏ ဆောင်ပုဒ် ဖြစ်သော "ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့" ဟု တိုက်တွန်းထားပြီး ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ(၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ၌ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)