ဟုမ္မလင်း မေ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံလက်ခံခြင်းကို ယနေ့နံနက်ပိုင်းမှစ၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးလူငယ်တိုင်းအခြေခံပညာရေးကို လက်လှမ်းမီ သင်ယူခွင့်ရရှိရေးအတွက် မသင်မနေရ ပညာရေးစနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် ကျောင်းမဖွင့်မီ ရက်သတ္တပတ်ဖြစ်သည့် မေလ(၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ်သတ်မှတ်၍ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေသည့် ကလေးတိုင်း ကျောင်းနေမြဲရေး လုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့များနှင့် မိဘ ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)