နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံဂစ်တာတီး သင်တန်းဖွင့်လှစ်

နောင်ချို မေ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ စိတ်လေလွင့်မှု လျော့နည်းစေရန်၊ ဂီတကို ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်စေရန်နှင့် ဂစ်တာတီးဝါသနာပါပြီး တစိုက်မတ်မတ်  လေ့လာလိုသူများ လေ့လာနိုင်စေရန် ရည်ရွယ်၍ အခြေခံ ဂစ်တာတီးသင်တန်းအား ယနေ့ နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းနည်းပြ ကိုရဲမင်းခန့်က အခြေခံရစ်သမ်၊ အခြေခံလိဒ်၊ အခြေခံ Classical စသည့် ဘာသာရပ်များအား လက်တွေ့သင်ကြားပေးခဲ့ပြီး အဆိုပါ ဂစ်တာတီးသင်တန်းကို မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စနစ်တကျ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ လူငယ်လူရွယ် (၇)ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ် ရုံးအနေဖြင့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်း၊ အသိပညာပေး ဟောပြောပွဲများနှင့် Talk Show ဆွေးနွေးပွဲများ၊  Club အဖွဲ့များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ပြိုင်ပွဲများ၊ နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင် ပြပွဲပြသခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)