လှည်းကူး မေ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃- ၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး မေ ၂၃ ရက်နေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှည်ကူးမြို့နယ်အတွင်း "ကျောင်းနေအရွယ် ကလေးအားလုံးပညာရေးမဝေးစေဖို့ကျောင်းအမြန်အပ်နှံစို့" ဆောင်ပုဒ်နှင့်အညီ မေ(၂၃)ရက်နေ့နံနက်ပိုင်းမှစတင်ပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းတွေကို သက်ဆိုင်ရာကျောင်းများအလိုက် လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။ ကျောင်းအပ်နှံသည့်အခါ အခကြေးငွေတစ်စုံတစ်ရာကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံစသည့် ပစ္စည်းများကိုနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပေးသည်။ ကျောင်းအပ်နှံရာတွင် (၅)နှစ်အရွယ်ကလေးများကို သူငယ်တန်း(KG)သို့လည်းကောင်း၊ (၆)နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့လည်းကောင်းအပ်နှံရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်(၁)ရက်စတင်တက်ကြရမည်ဖြစ်ရာ လှည်းကူးမြို့နယ်အတွင်း အခြေခံပညာကျောင်းထက်၊ လယ်၊ မူကျောင်း(၁၈၇)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၆)၊ ကျောင်းဘုန်းတော်ကြီးပညာသင်(၂၁)ကျောင်း စုစုပေါင်း(၂၁၄)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)