ပြည်ကြီးတံခွန် ဇွန် ၂၃
မန္တလေးတိုင်းဒေကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉နာရီမှ စတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်ရာတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန် အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၅)ကျောင်း၊ ဘုန်းတော်ကြီးပညာရေးကျောင်း(၂၅)ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၁၀)ကျောင်း တို့တွင် ကျောင်းနေအရွယ် ကလေးများ လာရောက်အပ်နှံကြပြီး ပညာရေးဝန်ကြီးဌာနမှ အခမဲ့ ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ အခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မှာ မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့ထိ ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ပြောပြ၍ သိရသည်။
ခရိုင်(ပြန်/ဆက်)