ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်ဖိုးမြင့်စားသောက်ကုန် ထုတ်လုပ်နည်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ကြံခင်း မေ ၂၃

သမဝါယနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် အိမ်တွင်းမှု နည်းပညာသင်တန်းကျောင်း(ပုသိမ် ) တို့ပူးပေါင်း၍ မေလ(၈)ရက်နေ့မှ မေလ (၂၂)ရက်နေ့အထိ ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု  တန်ဖိုးမြင့် စားသောက်ကုန်ထုတ်လုပ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့နံနက်ပိုင်းက  ကြံခင်းမြို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးယဉ်မင်းဦးက သင်တန်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် အခြေခံမုန့်လုပ်နည်း (၁၅)မျိုးအား လက်တွေ့ သင်ကြားပေးခဲ့ပြီးဖြစ်လို့ တစ်နိုင်တစ်ပိုင် မိသားစုအိမ်တွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင်နိုင်ပြီး မိသားစုဘဝဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန် ပြောကြားပါသည်။

ထို့နောက် သင်တန်းသား (၁၀)ဦးအား  သင်တန်းဆင်းလက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ကြသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်၊ မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်နှင့် အဖွဲ့ဝင်များ၊  မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် သင်တန်းသားများ တက်ရောက်ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)