ကန့်ဘလူမြို့၌ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းများ ဆောင်ရွက်ပေး
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာ ပြည်သူများဝယ်ယူနိုင်ရေး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဥ်ဆောင်ရွက်မှုဖြင့် မေ ၂၄ ရက်နံနက် ၇ နာရီက ရောင်းချပေးလျက်ရှိကြောင်း သိရသည်။