ကျွန်းလှမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ‌စစ်ကြောင်းကြီးငါးကြောင်း အစီအစဉ်ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း (သစ်ရာမြိုင်)၌ ကျင်းပကြောင်း သိရသည်။

ရသေ့တောင်မြို့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပဲခူးတိုင်းဒေသကြီး သန္ဓေမီးသတ်တပ်မှ ရှာဖွယ်ကယ်ဆယ်ရေးအဖွဲ့များ ရှင်း လင်းဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့၌ မိုခါမုန်တိုင်းမှာအားအလွန်ပြင်းသ​ဖြင့်ထိခိုက်ပျက်စီးမှုများခဲ့သောကြောင့် ပဲခူးတိုင်းဒေသကြီး သန္ဓေမီးသတ်တပ်ဖွဲ့ ရှာဖွယ်ကယ်ဆယ်ရေး လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်မင်းဇော်ဦးဆောင်သော (၁၁၆)ဦးပါဝင်သော အဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းသော အဖွဲ့များသည် အဖွဲ့များခွဲ၍ ရသေ့တောင်မြို့နယ်အတွင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်ရမည့် နေရာများဖြစ်သော လမ်းများရုံးဌာနများ၊ သာသနိကအဆောက်အအုံများအား ဦးစားပေးအဆင့်များသတ်မှတ်ပြီး ၁၈.၅.၂၃ ရက်နေ့မှစတင် ဆောင်ရွက်ခဲ့ကြသည်။

ငါးသိုင်းချောင်းမြို့တွင် အသိပညာပေးဟောပြောပွဲနှင့်စာအုပ်ပြပွဲဆောင်ရွက်

ကျုံပျော်ခရိုင်၊ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နေ့လည် (၂) နာရီအချိန်က စားသုံးသူရေးရာဦးစီးဌာနနှင့်ပူးပေါင်း၍အသိပညာပေး ဆွေးနွေးပွဲပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲတွင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဇင်မီမီဝင်းက စာပေဖတ်ရှု့ခြင်း၏အကျိုးကျေးဇူးများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်ချယ်ရီမြင့်က စားသုံးသူများရှောင်ကြဥ်ရမည့် အစားအသောက်များနှင့် စားသုံးသူများ၏အခွင့်အရေးများကိုလည်းကောင်း အသိပညာပေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ် (ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ ကေသရီဆောင် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်ပေး

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်ပြီးစီးခဲ့သည့် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်) အဝင်မုခ်ဦးနှင့် ကျောင်းသူ(၁၆၀)ဦးဆံ့ “ကေသရီ” အိပ်ဆောင်ဖွင့်ပွဲ အခမ်းအနား အား ယမန်နေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ပျက်စီး/ဆုံးရှုံးစာရင်းများနှင့် လေဘေးသင့်ပြည်သူများအားဖြန့်ဝေမည့် ထောက်ပံ့ပစ္စည်းများစစ်ဆေးကြည့်ရှု

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရပ်ကွက်/ကျေးရွာများတွင် ပြန်လည်ထူထောင်ရေးကိစ္စရပ်များ ဆောင်ရွက် နိုင်ရေးအတွက် နိုင်ငံတော်မှဘူးသီးတောင်ဒေသ ပြန်လည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြီးကြပ်နိုင်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ယနေ့မွန်းလွဲ (၂)နာရီအချိန်က ဘူးသီးတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌဦးဇော်ဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပျက်စီး/ဆုံးရှုံးစာရင်းများလေဘေးသင့်ပြည်သူများအတွက် ဖြန့်ဝေပေးရန်ရောက်ရှိနေသောကယ်ဆယ်ရေးပစ္စည်းများအားဖြန့်ဝေစစ်ဆေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မင်းဘူး(စကု)မြို့နယ်အတွင်း ကျောင်အပ်လက်ခံ ဆောင်ရွက်ပေးနေမှုနှင့် နယ်လှည့်အထူးကုဆရာဝန်ကြီးများမှ အခမဲ့ ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုနှင့် သဘာဝဘေး မုန်တိုင်းကြောင့် ရေဝင်ရောက်မှု ဖြစ်ပွားခဲ့သော စကုမြို့မှ ဒေသခံပြည်သူများအား နည်လှည့်အထူးကုဆရာဝန်ကြီးများမှ အခမဲ့ ကွင်းဆင်းဆေးကုသပေးနေမှုများကို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဟင်္သာတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေး တောင်သူများနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် အင်းဓဝယ်ကျေးရွာရှိ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ တောင်သူပညာပေးစခန်းတွင် ယမန်နေ့ နံနက် ၁၀ နာရီက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး(၁)ဧကလျှင် (၁၀)တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် တောင်သူများနှင့်တွေ့ဆုံ အသိပညာပေး ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ပင်လောင်းမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့မှ ယာယီနေရပ်စွန့်ခွာ ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ကြားနိုင်ရေးအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ​မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team)အစီအစဥ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team) စနစ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်း၊ စစ်ခြင်းများကို ယနေ့ နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုများ လက်ခံဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံမှုကို စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Subscribe to