မအူပင် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေးသီတင်းပတ် ပထမရက်ကျောင်းအပ်လက်ခံ နေမှုနှင့် Grade-9 ဆင့်ပွားသင်တန်းပို့ချနေမှုများကို မေ ၂၃ ရက် နံနက် ၁၁ နာရီအချိန်က ခရိုင်/မြို့နယ်အဆင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု့အားပေးခဲ့ကြသည်။
မအူပင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်ကျောင်းအပ်နှံရေး သီတင်းပတ်အနေဖြင့် မေလ (၂၃) ရက်မှ (၃၁) ရက်နေ့ထိ ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းပေါင်း (၃၂၅) ကျောင်းမှ အခြေခံပညာကျောင်း (၃၂၂)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း (၁) ကျောင်း၊ ကိုယ်ပိုင်ကျောင်း(၂)ကျောင်းမှ ကျောင်းသား/သူဦးရေ (၂၀၁၉၂) ဦး ကျောင်းအပ်နှံခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်း၊ ခရိုင်ပညာ ရေးမှူးဒေါက်တာသန္တာဆွေနှင့် တာဝန်ရှိသူများမကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံ၊ ကျောင်းသုံစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံများအားပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ အမှတ် (၁) (၂) (၃) အခြေခံပညာအထက်တန်းကျောင်းများတွင် Grade-9 ဆင့်ပွသင်တန်းပို့ချသင်ယူနေမှုများအား တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)