ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် သစ်တောဦးစီးဌာနမှ  စိုင်းရကြိုးဝိုင်း၊ အကွက်အမှတ် (၇၃)အတွင်း အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယ​နေ့   နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် စတင်၍ကျောင်းအပ်လက်ခံ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းကို ယနေ့နံနက် ၈ နာရီခွဲမှ စတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များနှင့် ဗလာစာအုပ်များအား အခမဲ့ဖြန့် ဝေပေးခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစိုက်တောင်သူများအား ချေးငွေထုတ်ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မိုးစပါးစိုက်တောင်သူများအား ချေးပေးနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးကို ယနေ့နံနက် ၁၀ နာရီကကျင်းပပြုလုပ်ခဲ့ရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် /ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် နိုင်ငံ့စီးပွားမြင့်တင်ရေးလုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

ကချင်ပြည်နယ်အသေးစား၊ အငယ်စားနှင့်အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအေဂျင်စီကကြီးမှူး၍ မြစ်ကြီးနားမြို့၌ ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့် MSME ဒေသထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဒေသတွင်း MSME လုပ်ငန်းရှင်များ ပါဝင်သည့် Talk Show စကားဝိုင်း ဆွေးနွေးပွဲကို မေ ၂၃ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အဖွင့်အမှာစကားပြောကြားသည်။

ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံခြင်းများစတင်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိ​မြို့၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ပုဗ္ဗသီရိမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose)များထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သွားရောက်ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံ

ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့်မဝေးဖို့ ကျောင်းအမြန်အပ်နှံကြရန်အတွက် ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ်လက်ခံခြင်းများကို အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။

ကဝ​မြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် စတင်ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကျောင်းအပ်နှံခြင်းကို မေလ (၂၃)ရက်နေ့နံနက် (၈)နာရီမှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ ကျောင်းသူများနှင့်အတူ မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနိုင်ရန်အတွက် ယနေ့နံနက်ပိုင်းက ကျောင်းသား/ ကျောင်းသူ များအား ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးလျှက်ရှိ

ဘီးလင်းမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများ ထုတ်ပေးခြင်းကို မြို့နယ် မြန်မာ့စီးပွားရေးဘဏ်ခွဲရှိ ဝန်ထမ်းများက ယမန်နေ့မှစတင်၍ နေ့ချင်းပြီးထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to