ရေနံချောင်း မေ ၂၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ “ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ယနေ့နံနက်ပိုင်းကစတင်၍ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ပေးလျက်ရှိရာ ထက်၊ လယ်၊ မူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၇၃၆ ဦး လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။
ထိုသို့ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံ စသည့် စာရေးကိရိယာပစ္စည်းများကို အခမဲ့ထုတ်ပေးကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
ရေနံချောင်းမြို့နယ်၌ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၂ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း ၁၅၀ တို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုလျာထားဦးရေ ၂၅၆၈၄ ဦးရှိပြီး ယနေ့နံနက်ပိုင်း ကျောင်းအပ်လက်ခံဆောင်ရွက်မှုအရ မူလတန်းအဆင့်တွင် ၇၂၈၄ ဦး၊ အလယ်တန်းအဆင့်တွင် ၁၂၄၈ ဦးနှင့် အထက်တန်းအဆင့်တွင် ၂၀၄ ဦး စုစုပေါင်း ၈၇၃၆ ဦး လာရောက်အပ်နှံခဲ့ပြီး ယခုနှစ် ကျောင်းအပ်နှံရေးနေ့သီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ၃၁ ရက်ထိ သတ်မှတ်ကာ ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်