၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်စတင်လက်ခံ

ဆိပ်ဖြူ မေ ၂၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ အတန်းအသီးသီး၌ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများကို ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ်လက်ခံသည်။

ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့ဟူသည့် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၏ ကျောင်းအပ်နှံရေး အသိပေးနှိုးဆော်ခြင်းနှင့်အတူ ကျောင်းအပ်နှံရေး သီတင်းပတ် ပထမနေ့ဖြစ်သည့် မေလ ၂၃ ရက်နေ့မှစတင်၍ ဆိပ်ဖြူမြို့နယ်ရှိ အခြေခံပညာကျောင်းများအသီးသီးတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား/ကျောင်းသူများကို မိဘအုပ်ထိန်းသူများကိုယ်တိုင် လာရောက်အပ်နှံရာ ဆရာ/ဆရာမများက ကျောင်းအပ်လက်ခံလျက်ရှိသည်။ ထိုသို့ ကျောင်းသား/ကျောင်းသူများ ကျောင်းအပ်လက်ခံဆောင်ရွက်ရာ၌ ကျောင်းသား/ကျောင်းသူများကို ပညာသင်နှစ် တက်ရောက်သင်ကြားမည့်များအတန်းအလိုက် ကျောင်းဝတ်စုံ၊ စာရေးကိရိယာ၊ ဗလာစာအုပ်များနှင့် ပြဌာန်းပုံနှိပ်စာအုပ်များကိုလည်း သက်ဆိုင်ရာကျောင်းအုပ်ကြီးများက ကြီးကြပ်၍ အခမဲ့ထုတ်ပေးလျက်ရှိကြောင်း၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာတက်ရောက်သင်ကြားရန် ကျောင်းသား/ကျောင်းသူ ၈၂၄၀ ဦး လျာထားစာရင်းရှိသည့်အနက် ကျောင်းအပ်နှံရေးသီတင်းပတ် ပထမနေ့၌ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ ၂၃၇၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆၅၈ ဦး၊ အထက်တန်းအဆင့် ၂၅၃ ဦး စုစုပေါင်း ၃၂၈၃ ဦး လာရောက်အပ်နှံခဲ့ကြောင်း ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအသီးသီးတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၃၁ ရက်နေ့အထိ ကျောင်းသား/ကျောင်းသူများကို သက်ဆိုင်ရာအခြေခံပညာကျောင်းများအသီးသီးတွင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ ပြောကြားသိရှိရသည်။      

ကိုဇွဲ(အညာမြေ)