ဇမ္ဗူသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ကျင်းပ

စာအုပ်စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိသည့် အတွေးအမြင် ဗဟုသုတများကို စာဖတ်သူအချင်းချင်း ဖလှယ်ဆွေးနွေးနိုင်ရန်အတွက် နေပြည်တော်စာရေးဆရာများ၊ စာရေးဆရာမများနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ထက်ကျော် ရေးသားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုစတင်

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေလ၂၃ရက်နေ့မှ မေလ၃၁ရက်နေ့အထိ သတ်မှတ်၍ ကျောင်းသားကျောင်းသူများအား ဒဂုံ​တောင်မြို့နယ်အတွင်းရှိ

မယ်စဲ့မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်အပ်နှံ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးမဝေးစေဖို့ ကျောင်းအမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၃ ရက်မှ မေလ ၃၁ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ရာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်အပ်နှံခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က မယ်စဲ့မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများစတင်

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများအားလုံး၌ ကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅၇ ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၅၇ ကျောင်း တို့တွင် မေလ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ် ကလေးငယ်အားလုံး ပညာရေးမဝေးဖို့ ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်လက်ခံခြင်းများ ယနေ့နံနက်ပိုင်းမှစတင်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး မှသိရသည်။

ပေါက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ပေါက်မြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်စကားခန်းမ၌ ကျင်းပပြုလုပ်သည်။

ဂွမြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သဘာဝဘေးဖြစ်ပွားသည့် ဒေသများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် သွပ်နှင့် သွပ်သံများ ထောက်ပံ့

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အလွန်ပြင်းထန်သော ဆိုင်ကလုန်း(မိုခါ)မုန်တိုင်း တိုက်ခတ်မှုကြောင့် ရွှေဦးကွင်းကျေးရွာရှိ လူနေအိမ်များ၊ ကြွေချိုင် ကျေးရွာနှင့် ကွင်းကြီးကျေးရွာ (အထက်ပလ္လင်မော်)/(အောက်ပလ္လင်မော်)ရှိ ဘုန်းတော်ကြီးကျောင်းများတွင် အမိုးများ ပျက်စီးခဲ့သဖြင့် မြို့နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်နှင့် အဖွဲ့ဝင်များက သွပ်နှင့် သွပ်သံများကို မေလ(၂၃)ရက်နေ့က အဆိုပါ ကျေးရွာများရှိ လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအား ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်၌ အခြေခံပညာကျောင်းများတွင်  ကျောင်းအပ်နှံခြင်း စတင်လက်ခံဆောင်ရွက်

 ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ယနေ့နံနက်ပိုင်းမှစတင်၍ ကျောင်းအပ် လက်ခံခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှမြို့မစျေးအတွင်းပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေးအသိပညာပေးကာ အစားထိုးဖက်များဖြင့်သုံးစွဲမှု ရှိ / မရှိ လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင်မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦး ဦးဆောင်သော မြို့စည်ပင်သာယာရေးအဖွဲ့မှ ငွေဆောင်မြို့မစျေးအတွင်း စျေးရောင်းချလျှက်ရှိသည့်စျေးသူ၊စျေးသားများနှင့်စျေးဝယ်သူများအားပလတ်စတစ်အစား..အစားထိုးဖက်များဖြင့်သုံးစွဲကြရန်အသိပညာပေးကာစျေးရောင်းချနေသူများအနေဖြင့်ပလတ်စတစ်အိတ်မသုံးဘဲ အစားထိုးဖက်များဖြင့် သုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံမှုများစတင်ဆောင်ရွက်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၃)ရက်နေ့မှ မေလလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာယနေ့၊ နံနက်ပိုင်းမှစတင်၍လည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများတို့တွင် ကျောင်းအပ်လက်ခံမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
Subscribe to