ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိ

ရေဦး၊ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းကမ်းထိန်းသိမ်းရေးကော်မတီက ကြီးမှူးဖွင့်လှစ်သည့် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်းကို ရေဦးမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်းသိရသည်။

သင်တန်းတွင် စနစ်တကျဘုရားရှိခိုးနည်း၊ မင်္ဂလာတရားတော်၊ ဗုဒ္ဓ၀င်အကျဉ်း၊ (၃၈)ဖြာ မင်္ဂလာကဗျာများ၊ ကိုယ်အမူအရာယဉ်ကျေးခြင်း၊ နှုတ်အမူအရာယဉ်ကျေးခြင်း၊ တပည့်ကျင့်၀တ်၊ ရှောင်ကြဉ်လိုက်နာရေးမင်္ဂလာ(၄)ပါး၊ ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ဗကဇာတ် “ဗျိုင်းထက်ပုဇွန်ပညာလွန်”၊ သူ့အသက်သတ်သဖြင့်ဒုက္ခရောက်ခဲ့သော ၀က်သတ်သမားအကြောင်း “ပါဏာတိပါတကံဇာတ်၊ သီလခြုံလုံပါပေ့၊ လယ်တီဆရာတော်လုရားကြီး၏ ခုနှစ်နေ့ဘုရားရှိခိုး၊ အရပ် (၁၀) မျက်နှာမေတ္တာပို့နည်း အ‌ကြောင်းအရာများကို ‌မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ငြိမ်းငြိမ်းနှင့် ဒေါ်ဖြူဖြူအောင်တို့ကသင် ကြားပို့ချခဲ့ကြ‌ကြောင်း သိရသည်။ အဆိုပါသင်တန်းသို့ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၅၀) ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ၃ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သန်းထိုက် (ရေဦး)