မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်နှံခြင်းစတင်လက်ခံ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ အခြေခံပညာကျောင်းများ၊ ကျောင်းအပ်နှံခြင်း သီတင်းပတ်အဖြစ် မေလ ၂၃ ရက်မှ ၃၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ကျောင်းအပ်ခြင်းအား စတင်လက်ခံနေပြီဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလှမြို့နယ်၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လျှပ်စစ်သံဂဟေဆက်သင်တန်းဆင်းပွဲကို ယမန်‌နေ့ ညနေ(၅)နာရီက  ကုန်းကြီးကျေးရွာဘုန်းကြီးကျောင်း မြရတနာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ထက်/လယ်/မူ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်း သား/ကျောင်းသူများ ကျောင်းအပ်နှံလက်ခံခြင်းကို ယမန်နေ့နံနက် (၈)နာရီအချိန်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တိုက်ကြီးမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းစတင် လက်ခံ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက် ၉ နာရီ မှစတင်၍ ကျောင်းအပ်လက်ခံပေးလျက်ရှိရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသားကျောင်းသူများနှင့် မိဘများက အေးချမ်းပျော်ရွှင်စွာ ကျောင်းလာရောက်အပ်နှံပေးလျက်ရှိကြောင်း သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဒုတိယနေ့၌ ကျောင်းအပ်နှံသူများဖြင့် စည်ကားလျက်ရှိ

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်ဒုတိယနေ့ ယနေ့နံနက် (၈:၀၀) နာရီအချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံလျက်ရှိသည်။

အမာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့်စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများတိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စာတိုက်ရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရှိရသည်။

ယင်းမာပင်မြို့ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျောင်းအပ်နှံခြင်းအခမ်အနားနှင့် ကျောင်းအပ်စတင်လက်ခံဆောင်ရွက်လျက်ရှိ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းအခမ်းအနားနှင့် ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ခြင်းများကို ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့၊ နံနက် (၈)နာရီ အချိန်ကကျင်းပခဲ့ကြောင်းသိရသည်။

ဘိုကလေးမြို့နယ်အတွင်းမှ ရေရှားပါးသောဒေသများသို့ ရေလှူဒါန်းဆောင်ရွက်

ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် အပါအဝင် မိုးရွာသွန်းမှု နောက်ကျခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ပိုင်းကျေးရွာအုပ်စုများရှိ ရေကန်များခြောက်ခမ်းမှုများဖြစ်ပေါ်လာပြီး ဒေသခံများရေရှားပါးမှုပြဿနာဖြင့် ကြုံတွေ့နေရသည့်အတွက် မေ(၂၃)ရက် ညနေ(၃)နာရီ အချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်တွင် တည်ထောင်ထားသော သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်းမှ အဆိုပါ ဒေသများသို့သွားရောက်၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြသည်။

မြိတ်မြို့တွင် အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံဆောင်ရွက်ပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/သူများကို မြိတ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးတွင် ယမန်နေ့မှ စတင်၍ မိဘအုပ်ထိန်းသူများက ကျောင်းသား/သူများအား လာရောက်အပ်နှံလျက်ရှိကြရာ “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်း အမြန်အပ်နှံစို့ ဆောင်ပုဒ်နှင့်အညီ” ကျောင်းအပ်လက်ခံဆောင်ရွက်ပေးလျက်ရှိကြသည်။

သထုံမြို့နယ်တွင် ကျောင်းများစတင်အပ်နှံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေး

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ယမန်နေ့နံနက်က စတင်နေပြီဖြစ်ရာ ကျောင်းသားကျောင်းသူများအား မိဘအုပ်ထိန်းသူများက ကျောင်းလာရောက်အပ်နှံလျက်ရှိပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
Subscribe to