ခိုလမ် မေ ၂၃
ခိုလမ်မြို့ အတွင်းရှိ အခြေခံပညာကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ကျောင်းနေ အရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ယနေ့နံနက်ပိုင်းမှစတင်ကာ ကျောင်းအပ် လက်ခံခြင်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နဲ့ အညီ မေလ (၂၃)ရက်နေ့မှ မေလ(၃၁)ရက်နေ့အထိ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ခိုလမ်မြို့ အတွင်းရှိ သက်ဆိုင်ရာကျောင်းအလိုက် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်နှံ သည့်အခါ အခကြေးငွေတစ်စုံတစ်ရာ ကောက်ခံမှုမရှိကြောင်းသိရှိရပြီး ကျောင်းအပ်နှံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်လွန်G-1 ကျောင်းသား/ကျောင်းသူများအား ၂၇.၅.၂၀၂၃ ရက်နေ့တွင် လက်ခံသွားမည်ဖြစ်ပြီး TC (ကျောင်းပြောင်းလက်မှတ်) ကျောင်းသား/ကျောင်းသူများကို ၂၈.၅.၂၀၂၃ ရက်နေ့တွင် ကျောင်းအပ်လက်ခံခြင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)