ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှမြို့မစျေးအတွင်းပလတ်စတစ်သုံးစွဲမှုလျှော့ချစေရေးအသိပညာပေးကာ အစားထိုးဖက်များဖြင့်သုံးစွဲမှု ရှိ / မရှိ လိုက်လံစစ်ဆေး

ငွေဆောင် မေ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ငွေဆောင်မြို့တွင်မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦး ဦးဆောင်သော မြို့စည်ပင်သာယာရေးအဖွဲ့မှ ငွေဆောင်မြို့မစျေးအတွင်း စျေးရောင်းချလျှက်ရှိသည့်စျေးသူ၊စျေးသားများနှင့်စျေးဝယ်သူများအားပလတ်စတစ်အစား..အစားထိုးဖက်များဖြင့်သုံးစွဲကြရန်အသိပညာပေးကာစျေးရောင်းချနေသူများအနေဖြင့်ပလတ်စတစ်အိတ်မသုံးဘဲ အစားထိုးဖက်များဖြင့် သုံးစွဲမှုရှိမရှိ လိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

အပတ်စဥ်ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂနွေနေ့အား ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ်သတ်မှတ်ထားရာ ယနေ့မေလ ၂၄ရက် (ဗုဒ္ဓဟူး) နေ့တွင် မြို့စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးသက်မင်းဦးဦးဆောင်သော မြို့စည်ပင်သာယာရေးအဖွဲ့ဝင်များက ယနေ့နံနက် (၇း၃၀) အချိန်က လူအများရောင်းဝယ်ဖောက်ကားမှုပြုလုပ်ရာ, ပလတ်စတစ်သုံးစွဲမှုများပြားရာ ငွေဆောင်မြို့မစျေးအတွင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ပလတ်စတစ်သုံးစွဲမှုရှောင်ရှားစို့ဟူသောဆောင်ပုဒ်နှင့်အညီပတ်ဝန်းကျင်ညစ်ညမ်းစေသည့်ပလတ်စတစ်အိတ်သုံးစွဲမည့်အစား..အင်ဖက်၊သတင်းစာ၊ ပိန်းရွက်အစရှိသည့်အစားထိုးပစ္စည်းများဖြင့် ထုတ်ပိုးသုံးစွဲကြရန်အသိပညာပေးပြောကြားခဲ့သည်။ ထို့နောက်စျေးရောင်းချလျက်ရှိသည့် စျေးသူ၊ စျေးသားများအနေဖြင့် ပလတ်စတစ်အစားအစားထိုးဖက်များဖြင့် သုံးစွဲမှုရှိမရှိလိုက်လံစစ်ဆေးကြည့်ရှုခဲ့ကြောင်းသိရသည်။ ငွေဆောင်မြို့၊ မြို့စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ပလတ်စတစ်မသုံးစွဲရေးနေ့အဖြစ် သတ်မှတ်ထားသောတနင်္ဂနွေနေ့နှင့် ဗုဒ္ဓဟူးနေ့တိုင်းမြို့မစျေးအတွင်း ပလတ်စတစ်သုံးစွဲမှုမရှိစေရေး စစ်ဆေးကြည့်ရှုခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပညာပေးပြောကြားခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ငွေဆောင်)