ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ကျောင်းအပ်နှံမှုများစတင်ဆောင်ရွက်

ထန်းတပင်(ရန်ကုန်) မေ ၂၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ(၂၃)ရက်နေ့မှ မေလလ(၃၁)ရက်နေ့အထိ သတ်မှတ်ထားရှိကာယနေ့၊ နံနက်ပိုင်းမှစတင်၍လည်း ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းများတို့တွင် ကျောင်းအပ်လက်ခံမှုများကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း အခြေခံပညာမူလတန်းကျောင်း (၁၂၄)ကျောင်း၊ အလယ်တန်းကျောင်း(၁၇)ကျောင်းနှင့်အထက်တန်းကျောင်း ()ကျောင်း၊ ကိုယ်ပိုင်ကျောင်း ()ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း()ကျောင်းစုစုပေါင်း အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၁၆၁)ကျောင်းရှိပြီး သက်ဆိုင်ရာကျောင်းများအလိုက် ကျောင်းအုပ်ဆရာကြီးများနှင့် အတန်းပိုင်ဆရာ၊ ဆရာမများမှ ကျောင်းသား/ သူ ကလေးငယ်များအား ကျောင်းအပ်နှံမှုများကို လက်ခံ ဆောင်ရွက်ပေးလျက်ရှိသလို ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ်များကို (အခမဲ့)ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အတွင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်နှံသည့် ပထမနေ့တွင် မူလတန်းအဆင့်ကျောင်းအပ်နှံသူ(၅၆၃၅)ဦး၊ အလယ်တန်းအဆင့်ကျောင်းအပ်နှံသူ (၂၄၃)ဦး နှင့်အထက်တန်းအဆင့်ကျောင်းအပ်နှံသူ (၃၅)ဦး စုစုပေါင်း ကျောင်းအပ်နှံသည့် ကျောင်းသား၊ ကျောင်းသူ (၅၉၁၃)ဦးထိရှိကြောင်းလည်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဇင်မင်းထိုက်(ပြန်/ ဆက်)