ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံခြင်းများစတင်

ငါးသိုင်းချောင်းမြို့ မေ ၂၄

ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ အားလုံး၌ ကျောင်းအပ် လက်ခံခြင်းများကို မေလ ၂၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာကျောင်းအားလုံး၌ ကျောင်းအပ်နှံရာတွင် မည်သည့်အခကြေး ငွေမျှကောက်ခံမှုမရှိကြောင်းနှင့် ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံတို့ကို ကျောင်းသား၊ ကျောင်းသူတိုင်းအား နိုင်ငံတော်မှ(အခမဲ့) ထောက်ပံ့ ပေးပြီး မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ၎င်းထောက်ပံ့ပစ္စည်းများအပြင် ကျောင်းဝတ်စုံ တစ်စုံစီပါ ထောက်ပံ့ ကာ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့ပေါ်ရှိ အခြေခံပညာ ကျောင်းပေါင်း (၉) ကျောင်းရှိပြီး ကျောင်းအပ်လက်ခံသည့် ဒုတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ လာရောက်အပ်နှံသူ အများအပြားရှိကြောင်း သိရ သည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)