လေးမျက်နှာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်ဒုတိယနေ့၌ ကျောင်းအပ်နှံသူများဖြင့် စည်ကားလျက်ရှိ

လေးမျက်နှာ မေ ၂၄

 ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန အခြေခံပညာကျောင်းများတွင် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာရေးမဝေးဖို့ကျောင်းအမြန်အပ်နှံစို့” ဆောင်ပုဒ်အတိုင်း ကျောင်းအပ်နှံရေးသီတင်းပတ်ဒုတိယနေ့ ယနေ့နံနက် (၈:၀၀) နာရီအချိန်မှစတင်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံးတွင် ကျောင်းအပ်လက်ခံလျက်ရှိသည်။

ကျောင်းအပ်နှံသည့် ကျောင်းသားကျောင်းသူများအား ကျောင်းသုံးစာအုပ်၊ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံနှင့်ကျောင်းဝတ်စုံများ ထောက်ပံ့ပေးအပ်လျက်ရှိပြီး၊ အဆိုပါ ကျောင်းအပ်လက်ခံရာကျောင်းများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဒေါ်ငွေဌေးတို့မှ လိုက်လံကြည့်ရှုအားပေးလျက်ရှိသည်။ လေးမျက်နှာမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၁၇၇) ကျောင်းရှိရာ အ.ထ.က ကျောင်း (၈) ကျောင်း၊ အ.ထ.က (ခွဲ) ကျောင်း (၁၂) ကျောင်း၊ အ. လ. က ကျောင်း (၈) ကျောင်း၊ အ.လ.က (ခွဲ) ကျောင်း (၈) ကျောင်း၊ အ.မ.ကမူလွန်ကျောင်း (၄)ကျောင်း၊ အ .မ. ကကျောင်း (၁၂၉) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ (၇) ကျောင်း၊ ဘုန်းတော်ကြီးသင်မူလတန်းကျောင်း (၁) ကျောင်းတို့တွင်စတင်၍ ကျောင်းအပ်လက်ခံလျက်ရှိပြီး (၂၃··၂၀၂၃) ရက်နေ့မှ (၃၁··၂၀၂၃) ရက်နေ့အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

ကျော်ဟိန်း (ပြန်/ဆက်)