ယင်းမာပင် မေ ၂၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံခြင်းအခမ်းအနားနှင့် ကျောင်းအပ်စတင်လက်ခံ ဆောင်ရွက်ခြင်းများကို ယင်းမာပင်မြို့၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့၊ နံနက် (၈)နာရီ အချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းမော်က နိုင်ငံတစ်နိုင်ငံ၏ ရှင်သန်တိုးတက်ဖွံ့ဖြိုးရေးအတွက် ပညာရေးသည် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ ဆရာ/ဆရာမများ၏ သင်ကြားမှုအရည်အသွေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေးနှင့် ကျောင်းနေမြဲရေးတို့အတွက် သက်ဆိုင်ရာဌာနများနှင့် မိဘပြည်သူများအားလုံးက ပူးပေါင်းဆောင်ရွက်ရမှာဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး ကျောင်းသား/ကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များကို ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် ကျောင်းနေအရွယ်ကလေးလူငယ်တိုင်း အခြေခံပညာရေးကို လက်လှမ်းမီသင်ယူခွင့် ရရှိရေးအတွက် မေလ (၂၃) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်စတင်လက်ခံနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။
ခရိုင် (ပြန်\ဆက်)