ဘိုကလေးမြို့နယ်အတွင်းမှ ရေရှားပါးသောဒေသများသို့ ရေလှူဒါန်းဆောင်ရွက်

ဘိုကလေး မေ ၂၄

ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် အပါအဝင် မိုးရွာသွန်းမှု နောက်ကျခြင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် အောက်ပိုင်းကျေးရွာအုပ်စုများရှိ ရေကန်များခြောက်ခမ်းမှုများဖြစ်ပေါ်လာပြီး ဒေသခံများရေရှားပါးမှုပြဿနာဖြင့် ကြုံတွေ့နေရသည့်အတွက် မေ(၂၃)ရက် ညနေ(၃)နာရီ အချိန်ခန့်တွင် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်တွင် တည်ထောင်ထားသော သုခဝေဖြာပရဟိတဖောင်ဒေးရှင်းမှ အဆိုပါဒေသများသို့သွားရောက်၍ ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများသွားရောက်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းခဲ့သောရေများသည် သောက်ရေသန့်အဆင့်ရှိသောရေများဖြစ်ပြီး ရေရှားပါးသောဒေသများမှပြည်သူများ သောက်သုံးရေဖူလုံစွာရရှိနိုင်ရေး ကုသိုလ်ပြု၍ လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် သောက်သုံးရေလိုအပ်နေသူများအနေဖြင့်လည်း ဖောင်ဒေးရှင်းသို့ဆက်သွယ်လာပါက သွားရောက်လှူဒါန်းပေးမည်ဖြစ်ကြောင်း ဖောင်ဒေးရှင်းဦးဆောင်ဆရာတော်ထံမှ သိရသည်။

မိုးစက် (ဘိုကလေး)