သနပ်ပင်မြို့နယ် ဖရဲကျေးရွာတွင် မျိုးစေ့ထုတ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပပြုလုပ်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက လယ်မြေကွင်းအမှတ်(၈၅၄-ခ)၊ ဦးပိုင်အမှတ်(၃၅/၄) တောင်သူဦးစိုးသိန်းပါ(၃)ဦး၏ လယ်ယာမြေ(၁၈)ဧက၌ ကျင်းပပြုလုပ်ခဲ့သည်။