ရေဦးမြို့ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် ကျောင်းသားများ ကျောင်းအပ်လက်ခံ

ရေဦး မေ ၂၄

 စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အခမဲ့ ပညာရေးစနစ်ဖြင့် အခြေခံပညာအဆင့် KG တန်းမှ Grade-11 အထိ အတန်းများ၏ ကျောင်းအပ် ရက်ကို မေလ (၂၃) ရက်မှ စတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်ကြောင်း  သိရသည်။

ပြီးခဲ့သည့်နှစ်တွင် မေလ ၂၅ ရက်မှ စတင်လက်ခံခြင်းဖြစ်ပြီး ယခုပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏  ကျောင်းအပ် နှံရေးနေ့  ရက်သတ္တပတ်ကို  မေလ(၂၃) ရက်မှ (၃၁)ရက်နေ့အထိ သတ်မှတ်ကာ မြို့နယ်အချို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်း အနားများ ပြုလုပ်လျက်ရှိသည်။

ရေဦးမြို့နယ် အ‌ခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်စတင်လက်ခံရာ၌ ကျောင်းသား အသစ်ဖြစ်ပါက မွေးစာရင်းမူရင်းနှင့် မိတ္တူ၊ ပြောင်းရွှေ့လာခဲ့ပါက ကျောင်းပြောင်းရွှေ့လက်မှတ် ပါရှိမှသာ လျှောက်လွှာပုံစံတွင် ဖြည့်သွင်းလက်ခံခြင်း ပြုလုပ်ပေးလျက် ရှိ‌ကြောင်း၊ ကျောင်းအပ်လာသည့် မူလတန်းအဆင့် ကျောင်းသားတစ်ဦးလျှင် ဗလာစာအုပ်တစ်ဒါဇင်၊ ခဲတံ (၄)ချောင်း၊ အထက်တန်း အဆင့် ကျောင်းသားတစ်ဦးလျှင် ကျောင်းသုံးဗလာစာအုပ် တစ်ဒါဇင်၊ ခဲတံ (၃)ချောင်း၊ ဖောင်တိန်(၂)ချောင်းကို တစ်ပါတည်းအခမဲ့ ပေးခဲ့ကြောင်း သိရသည်။

သန်းထိုက်(ရေဦး)