ကျောက်တန်းမြို့နယ်၌ လူငယ်နှင်မူးယစ်ဆေးဝါးအကြောင်းသိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ကျောက်တန်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် လူငယ်နှင့်မူးယစ်ဆေးဝါး အကြောင်း သိကောင်းစရာ ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကျောက်တန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဒုတိယဦးစီးမှူး ဒေါ်အိသန္တာချိုက ယနေ့ခေတ်အချိန်ကာလတွင် လူငယ်အများစုသည် မူးယစ်ဆေးဝါးကို သုံးစွဲမှုများပြားလာပြီး မူးယစ်အစဆေးလိပ်ကဆိုသကဲ့သို့ ဆေးလိပ် ဘီယာ အရက် စတဲ့မူးယစ်စေသည့်အရာများကို အရင်ကထက်ပိုမို​သောက်သုံးလာကြသဖြင့် တန်ဖိုးရှိတဲ့ အချိန်များကို မူးယစ်သောအရာများဖြင့်သာ ကုန်ဆုံး​​​စေသောကြောင့် ဘဝမှာအသိပညာများ ကိုယ်ကျင့်တရားများပါ ပျက်ပြားလာစေ​​သော​​​ကြောင့် မှုးယစ်ဆေးဝါးကို ရှောင်ကျဥ်သင့် ကြောင်းကို စာထောက်-၃ ဒေါ်လင်းလင်းမော်နှင့်အတူ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာ ဗဟုသုတရရှိအောင် လူငယ်များအတွက် အသိပညာပေးလုပ်ငန်းများကို အစဥ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)