ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေး အွန်လိုင်းသင်တန်း ဆက်လက်ပို့ချ
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြင့်မားရေးအတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၏ ဝန်ထမ်းများ စွမ်းရည်မြင့်မားရေးအွန်လိုင်းသင်တန်းကို ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အောက်တိုဘာ ၂၁ ရက် နံနက်(၉)နာရီက စတင်၍ Video Conferencing စနစ်ဖြင့် ဆက်လက်ပို့ချပေးလျက်ရှိသည်။