ကျောက်ပန်းတောင်းမြို့နယ်ထွက် ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာခြင်းကြောင့် ယခုနှစ်ဆောင်းကြက်သွန်နီ စိုက်ပျိုးမှုများလာနိုင်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးထွက်ရှိထားသည့် ဆောင်းကြက်သွန်နီခေါ် လှောင်ကြက်သွန်နီဈေးနှုန်း ၃၀၀၀ ကျပ်ထိ ဈေးတက်လာကြောင်း လဲဂွကျေးရွာ ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။