ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြဖို့လို
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သက်ရောက်မှုရှိခဲ့သည့် MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည် ဦးမော့တိုးတက်လာစေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ ၂ ၌ ကျင်းပသည်။