လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးအသိပညာပေး Talk Show ကော့မှူး၌ကျင်းပ

ကော့မှူး မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး အသိပညာပေး Talk Show ကို ယ‌နေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေး Talk Show တွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်နှင့် Book Club အဖွဲ့ဝင်‌ ဒေါ်တင်သန်းက လူငယ်လူရွယ်များအနေဖြင့် နောင်တစ်ချိန်တွင် တိုင်းပြည်၏အနာဂတ် ကြယ်ပွင့်များဖြစ်သည့်အတွက် ထူးချွန်ထက်မြတ်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော် လူကောင်းဖြစ်‌စေရန်အတွက် အပေါင်းအသင်းများကလည်း အရေးကြီးကြောင်း၊ ပေါင်းသင်းဆက်ဆံရာတွင်လည်း  ကိုယ်ကျင့်တရားကောင်းတဲ့သူ အကျင့်စာရိတ္တ ကောင်းမွန်တဲ့သူဖြစ်‌စေရန်လိုကြောင်း၊ မိမိဘဝအောင်မြင်မှုအတွက် အထောက်အကူဖြစ်စေမဲ့ အပေါင်းအသင်းမျိုးကို ရွေးချယ်ပေါင်းသင်းတတ်ဖို့ လိုအပ်ကြောင်း မိဆွေကောင်းနဲ့တွေ့တဲ့အခါ မိမိအတွက် ကောင်းကျိုးများရရှိနိုင်သလို ဆိုးတဲ့မိတ်ဆွေမျိုးနဲ့တွေတဲ့အခါ ဆိုးကျိုးတွေရရှိနိုင်ကြောင်း၊ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့သူ တစ်ယောက်ဟာ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဘယ်လိုလူ‌မျိုးတွေနဲ့ တွေတွေ့လုပ်ငန်း‌ ဆောင်ရွက်ရာတွင် အခက်ခဲမရှိ အဆင်ပြေနိုင်ကြောင်း၊ လူငယ်များအ‌နေဖြင့် လူမိုက်ကိုရှောင်ရှားပြီး လူလိမ္မာကိုရွေးချယ် ပေါင်းသင်းရန်စသည့်လူငယ်များနှင့် ပတ်သက်သော အကြောင်းအရာများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။

ကျော်သူရ (ပြန်/ဆက်)