ကျောက်တံတား မေ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေးနှင့် ကျောင်းသား/ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ကျောင်းတွင်း၊ ကျောင်းပြင်သန့်ရှင်းရေးနှင့် အဘိတ်ဆေးခတ်ခြင်း Mask Campaign လုပ်ငန်းများကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က( ကျောက်တံတား)ကျောင်းနှင့် (၃၇)လမ်းနှင့်ဗိုလ်ချုပ်လမ်းမပေါ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးမြင့်စိန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများဖြင့် ပလပ်ဖောင်းကပ်တုန်းဆေးခြင်း၊ အမြင်မတင့်တယ်မှုများရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ မြောင်းချေးဆယ်ယူခြင်း၊ Mask Campaign ပြုလုပ်ခြင်း၊ ခြင်ဆေးမှုတ်ခြင်းကို ဆောင်ရွက်ခဲ့သည်။ အဆိုပါနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ စည်ပင်အမှုဆောင်အရာရှိနှင့် အင်ဂျင်နီယာများ(ရေစီးရေလာ)၊ မြို.နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများမှ သွားရောက်ကြည့်ရှု ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှလှထွေး