တာမိုးညဲ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆို​ပြိုင်ပွဲကျင်းပ

တာမိုးညဲ မေ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ကျောင်းသား/ကျောင်းသူလေးများ ကျောင်းတွင်းပြိုင်ပွဲများအပြင် ပြင်ပပြိုင်ပွဲများ၌လည်း ပါဝင်ယှဥ်ပြိုင် လိုစိတ်ရှိစေရန်နှင့်လူ အများရှေ့တွင်အပြောစွမ်းရည် ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်းပြောကြားပြီး ကျောင်းသူ မလုလုက ကိုရွှေတောသား(ဆင်ကူး) ရေးသားထားသော စာဖတ်​ကြစို့ ကဗျာဖြင့်လည်းကောင်း၊ ကျောင်းသူ မမေဇင်မိုးကမြေညွှန်ကိုကို၏ တွေးတောဆင်ခြင်အမြင်မှန်  ကဗျာဖြင့်လည်ကောင်း၊ မောင်အိုက်မွန်းက ကြည်နိုင်ရေးသားထားသော ကြီးငယ်မဆိုသာပုံပြင်​ဖြင့်လည်းကောင်း  အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် ကရွတ်ဆိုပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က ဆုလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

ခေါန်မိုင်(ပြန်/ဆက်)