ပန်းဘဲတန်းမြို့နယ်ရုံးတွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အသိပညာ​ပေး​​​ Talk Show ကျင်းပ

ပန်းဘဲတန်း မေ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရုံး၌ ယနေ့နံနက် ၁၀ နာရီအချိန်က ၂၀၂၃ ခုနှစ်၊ မေလ ၃၁ ရက်နေ့တွင် ကျရောက်မည့် "ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့" အထိမ်းအမှတ် အသိပညာပေး Talk Show ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show တွင် ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဦးဆန်းကြည်နှင့် ဒေါ်အေးအေးမျိုးတို့က ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ ဆေးလိပ်ဆေးရွက်ကြီးထွက်ပစ္စည်းများအကြောင်းနှင့် ဆေးလိပ်သောက် ခြင်းအားဖြင့် ရရှိလာမည့်ရောဂါများအကြောင်း၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသောအချက်များ၊ လူမှုပတ်ဝန်းကျင်တွင် ရရှိနိုင်သောဆိုးကျိုးများအကြောင်း စသည့်တို့ကိုအကျယ်တဝင့် ​ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ဒေါ်ဦးဆန်းကြည်