ကြံခင်းမြို့၌ ဆီဖူလုံရေးနှင့် လျာထားချက်ပြည့်မီရေးအတွက် မြို့မရပ်ကွက်နှင့် သမ္မရာအင်း ကျေးရွာတို့တွင် ဆောင်းနေကြာစိုက်ပျိုး
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ မြို့မရပ်ကွက်နှင့် သမ္မရာအင်းကျေးရွာ တို့၌ ယနေ့နံနက်ပိုင်းက ကိုင်းမြေ(မြေနုကျွန်း)နှင့် လယ်မြေတို့တွင် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ တောင်သူများ ပူးပေါင်း၍ ဒေသအတွင်း ဆီဖူလုံရေးနှင့်လျာထားချက်ပြည့်မီရေးအတွက် ဆောင်းနေကြာ Supersun 41 များကို စုပေါင်းစိုက်ပျိုး လျက်ရှိကြသည်။