တနင်္သာရီမြို့နယ်၌ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပပြီးစီး
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(အပိုင်း-၂)တွင် ပါဝင်သည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သတ်မှတ်မဲရုံများအလိုက် နံနက် ၆ နာရီမှစတင်၍ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားတာဝန်ကျေပွန်စွာဖြင့် အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြပြီး အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။