စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ် နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း စာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် ကျောင်းတွင်းစစ်နှစ်ဆုံးတတ်‌မြောက်မှုစစ်‌ဆေးခြင်းစာမေးပွဲကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၁) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/စာစောင်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက လိပ်သိုမြို့ အမှတ်(၁) ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြသည်။

ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာ​ကျောင်းများ၌၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးစာမေးပွဲဖြေဆို

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းစစ်နှစ်ဆုံးစာမေးပွဲ KG အတန်းမှ Grade- 12 အတန်းအထိ (Grade-5 နှင့်Grade-9)မပါ စစ်ဆေးခြင်းကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့နံနက် ၉ နာရီအချိန်မှစ၍ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အတွင်း (တနင်္ဂနွေနေ့)မပါစစ်​ဆေးမည်ဖြစ်ကြောင်း သိရသည်။

ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေး စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ‌ပေါင်းတည်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့ နံနက်(၇)နာရီခွဲက ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ပေးကြသည်။

ပျော်ဘွယ်မြို့နယ်တွင် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်း ကိုက်ညီမှုရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူးရုံးမှ အသက် (၁၈)နှစ်နှင့်အထက် လူဦးရေစာရင်းများ မှတ်ပုံတင်ထားမှုနှင့် မြေပြင်တွင် အမှန်တကယ်နေထိုင်ခြင်း ရှိ/မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြင်းဘက်ရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ဖေဖော်ဝါရီလအတွက် ပင်စင်လစာငွေများကို ယနေ့နံနက်(၇)နာရီက စတင်၍ထုတ် ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ပေါင်းတည်၌ မီးလောင်မှုဖြစ်ပွားနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ဖေဖော်ဝါရီလ ၁၈ ရက် နေ့လယ် ၁ နာရီခွဲခန့်က မင်းကွက်(၁)ရပ်ကွက်၊ တာပွန်လမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့သည်။
Subscribe to