ကြံခင်းမြို့၌ ယာယီနေရပ်စွန့်ခွာပြည်သူ ၂၁၆ ဦးအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ချီးမြှင့်ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဧရာဦးခန်းမ၌ ကျင်းပသည်။

ကော့မှူးတွင် ကျားဝတ်အင်္ကျီညှပ်နည်းသင်တန်းဖွင့်လှစ်

ပြည်သူများ၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ မိမိတို့၏အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်၊ မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေရရှိစေရန်ရည်ရွယ်၍  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ အမျိုးသားအင်္ကျီပိတ်စညှပ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ချောင်းဆုံမြို့နယ် ကဒါကျေးရွာ၌ (၄၁)ကြိမ်မြောက် မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်၍ စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ပရိယတ္တိစာပေများ ထူးချွန်သူရဟန်းရှင်လူများ ပေါ်ထွန်းလာစေရန်အတွက် မြို့နယ်သံဃာ့နာယကအဖွဲ့၏ဦးဆောင်မှုဖြင့် (၄၁)ကြိမ်မြောက်  မဟာရင်ဂိုဏ်းလုံးဆိုင်ရာ ဓမ္မယုတ္တိကနိကာယအသင်း ရေးဖြေစာမေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၇)နာရီ ကဒါကျေးရွာ ခေမာသိဝံပရိယတ္တိစာသင်တိုက် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ ဆရာတော်၊ သံဃာတော်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် သူနာပြုတက္ကသိုလ်(မန္တလေး)တို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် သူနာပြုတက္ကသိုလ်(မန္တလေး)တို့ ပူးပေါင်းပြုလုပ်‌သော အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် ၁၀ နာရီက  မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းပေါ်ရှိ၊ သုနာပြုတက္ကသိုလ် (မန္တလေး)၊ တော်ဝင်သဇင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော မူကြိုကျောင်းဆင်းပွဲ အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ကြီးမှူးကျင်းပသော  မူကြိုကျောင်းဆင်းပွဲ အောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဒက္ခိဏခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ Artificial Intelligence (Ai) နည်းပညာသင်တန်း ဖွင့်လှစ်သင်ကြား

AI နည်းပညာတိုးတက်ပြောင်းလဲမှုများမှ တစ်ဆင့် (Artificial Intelligence) ဉာဏ်ရည်တုပြောင်းလဲမှုဖြစ်စဉ်များ၊ AI နှင့်ပတ်သက်သည့် အကြောင်းအရာများကို ဝန်ထမ်းတိုင်းက အခြေခံအားဖြင့် သိရှိနားလည်ထားကြရန် ရည်ရွယ်၍ Artificial Intelligence (Ai) နည်းပညာ သင်တန်းကို ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင်ကျင်းပရာ ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်ရုံး ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်သည်။

သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၊ လားရှိုးမောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (လားရှိုး) အပတ်စဉ် (၃၃)၊ ပထမနှစ် သူနာပြု - သားဖွားဒီပလိုမာ သင်တန်းသားသင်တန်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီ အချိန်က တောင်ကြီးမြို့ သူနာပြုနှင့်သားဖွား သင်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး၊ စိုက်ပျိုးရေရရှိရေး တူးမြောင်းနှင့်ရေတံခါးဆောက်လုပ်နေမှုများနှင့် ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ၊ အစားထိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်(၂၆)မြို့နယ်နှင့် ရပ်ကွက်၊ ကျေးရွာများ သန့်ရှင်းသာယာလှပ​ရေး၊ ဘုရား​စေတီပုထိုးများ၊ ဘုန်း​တော်ကြီး​ကျောင်းများ၊ စာသင်ကျောင်းများ၊ ​ဆေးရုံများနှင့် လမ်း​ဘေးဝဲယာများနှင့် အိမ်၊ လမ်း၊ ရွာ၊ ​ကျောင်းသန့်ရှင်းသာယာလှပရေးအတွက် တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကိုဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ  ပုသိမ်မြို့ရှိ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

တောင်ငူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆို

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်အတွင်းရှိ၊ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအဆင့် (ကျောင်းတွင်းစစ်)  နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းစာမေးပွဲ သင်္ချာဘာသာရပ် ဆက်လက်ဖြေဆိုလျက်ရှိသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်း

နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့ထိ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သော ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များအပေါ် ထပ်ဆင့်ရှင်းလင်းသည့်အခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ကရင်ပြည်နယ်တရားလွှတ်တော်အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပခဲ့သည်။
Subscribe to