လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေ ဖတ်ကြစို့ အသိပညာပေး နံရံကပ်စာစောင်ပြသ

လိပ်သို ဇန်နဝါရီ ၁၂

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားလူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်ရည်ရွယ်၍ အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေဖတ်ကြစို့ အသိပညာပေးနံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် အားလပ်ချိန်တိုင်း စာအုပ်ကို အဖော်ပြုပါ၊ စာအုပ်တွေက မင်းရဲ့ဘဝကို မြှင့်တင်ပေးသွားလိမ့်မယ်ဆိုတာ စိတ်ချလက်ချ ယုံကြည်ပါ၊ စာအုပ်စာပေများထဲတွင် ဗဟုသုတရှာကြစို့၊ စာဖတ်သူနှင့် စာမဖတ်သူနှိုင်းယှဉ်ပါက စာဖတ်သူသည် ခေါင်းတစ်လုံးပိုသာကြောင်းနှင့် စာအုပ်စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ စသည့် အသိပညာပေးအကြောင်းအရာများပါရှိပြီး နံရံကပ် စာစောင်ပြသဆောင်ရွက်ထားရှိမှုအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် ဟောပြောပွဲများ၊ ပြိုင်ပွဲများ၊ Talk Show အစီအစဉ်များနှင့် လစဉ်အခါအားလျော်စွာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

နော်ဖလောရင်း