မရမ်းကုန်းမြို့နယ်တွင် ''သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်ရေးသင်တန်း'' ဖွင့်ပွဲအခမ်းအနားကျင်းပ

မရမ်းကုန်း ဇန်နဝါရီ ၁၂

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် Excellent Myanmar Advisory Group (Alpha) Company Limited of လက်တွဲပူးပေါင်း၍ အနာဂတ်လူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍအတွက် ရည်ရွယ်ဦးတည်ဖွင့်လှစ်သည့် “သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်ရေး သင်တန်းဖွင့်ပွဲအခမ်းအနား” ကို မရမ်းကုန်းမြို့နယ် လူမှုဝန်ထမ်းအတတ်သင်သိပ္ပံကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက အမှာစကားပြောကြားခဲ့ပြီး E.M.A.G (Alpha) Co. Ltd၊ မန်းနေဂျင်းဒါရိုက်တာ ဒေါက်တာဘုန်းမြင့်က သင်တန်းနှင့် ပတ်သတ်၍ ရှင်းလင်းတင်ပြချက်တို့ကို ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ကာလရက်သတ္တပတ် (၉) ပတ် သင်ကြားပို့ချသွားမည်ဖြစ်ပြီး အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့အချုပ်ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီ၊ E.M.A.G (Alpha) Co. Ltd မန်းနေဂျင်း ဒါရိုက်တာနှင့် ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သင်တန်းသား/သင်တန်းသူ (၃၅) ဦးတို့ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)