ကွန်ဟိန်းမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူ(၁၇၇၀၉)ဦး ဆန္ဒမဲပေးခဲ့
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ မဲရုံအသီးသီး၌ မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား ယမန်နေ့နံနက် ၆ နာရီမှစ၍ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။