နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၅ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား ဖိတ်ခေါ်စနူကာပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ 7 Club ဘိလိယက်နှင့် စနူကာရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အသုံးပြုသော Oxygen Plant O2P 29 စက် ပြင်ဆင်အပ်နှံခြင်း၊ ရေငွေ့စုပ်စက်၊ လေစုပ်စက်နှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ဗဟိုအမျိုးသမီးဆေးရုံကြီး(မန္တလေး)တွင် အသုံးပြုသော Oxygen Plant O2P 29 စက်အား အလှူရှင်မိသားစုမှ ပြင်ဆင်အပ်နှံခြင်း၊ ရေငွေ့စုပ်စက်(၁)လုံးနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံကြီး (မန္တလေး)တွင် ကျင်းပခဲ့သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ မျိုးရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲ တက်ရောက်

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားရေရိက္ခာဖူလုံ၍ စားသုံးဆီပိုမိုရရှိစေရေး ဆောင်းသီးနှံ စိုက်တောင်သူများ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးရွေးချယ်မြှင့်တင်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက်(၈)နာရီက ကော့မုပွန်ကျေးရွာ ကွင်းအမှတ် (၆၃၇)ရှိ နေကြာစိုက်ဧက (၆.၅)ဧက တွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ) တွင် ယမန်နေ့မွန်းလွဲ (၃)နာရီက ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် အရေးပေါ်မီးငြိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံများ လျာထားစိုက်ဧကပြည့်မီရေး ရေပေးတူးမြောင်းများအလိုက် ရေလှည့်စာရင်းများအား ရှင်းလင်းဆွေးနွေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နွေစပါးနှင့် နွေသီးနှံများ လျာထားစိုက်ဧကပြည့်မီရေး မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့မှ စိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းများတွင် တောင်သူများနှင့်တွေ့ဆုံပြီး ရေပေးတူးမြောင်းများအလိုက် ရေလှည့်စာရင်းများအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က တမုတ်စိုက်ပျိုးရေးနည်းပညာပေးရှေ့တန်းစခန်းမှ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံရာသီက စိုက်ပျိုးသည့် နေကြာသီးနှံ ၅၆၅၆ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ အေးမြကြည်လင်ဈေးတွင် ယမန်နေ့ မွန်းလွဲ(၃)နာရီက ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီး ဌာနနှင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးသရုပ်ပြ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ ဝါသီးနှံအထွက်နှုန်းတိုးတက်စေရန် B-31 မျိုးနှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် သမဝါယမဦးစီးဌာနမှ အသင်းသားတောင်သူများ၏ ဝါသီးနှံများအထွက်နှုန်းတိုးတက်စေရန်နှင့် ဝင်ငွေတိုးတက်စေရန်အတွက် အထွက်တိုးမျိုးဖြစ်သော B-31 နှင့် သွင်းအားစုများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး ပေါ်ဆန်းဖိုရမ် ကျင်းပပြုလုပ်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ပေါ်ဆန်းစပါးစိုက်တောင်သူများ တက်ရောက်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေရှင်းလင်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to