တီးတိန်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
ချင်းပြည်နယ်အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် ချင်းပြည်နယ် တီးတိန်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများအား ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။