ကော့မှူးမြို့နယ်တွင် ရွေးကောက်ပွဲကာလ၌ အသုံးပြုခဲ့သော မဲရုံသုံးပစ္စည်းများ စနစ်တကျလာရောက်အပ်နှံ

ကော့မှူး ဇန်နဝါရီ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပပြီးစီးခဲ့၍ မဲရုံများတွင် အသုံးပြုခဲ့သော MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ယမန်နေ့ညပိုင်းက မြို့နယ်အားကစားခန်းမသို့ လာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

ကော့မှူးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အတွက် ထုတ်ယူအသုံးပြုခဲ့သော မဲရုံပေါင်း (၁၂၀) အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM (၅၄၅) လုံး၊ ခြင်းတောင်း၊ ဆန္ဒပြုခန်းနှင့် အခြားမဲရုံသုံးပစ္စည်းများကို စနစ်တကျလာရောက်အပ်နှံခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မဲရုံသုံးပစ္စည်းများကို ပျောက်ဆုံးမှုမရှိစေရေးအတွက် စနစ်တကျလက်ခံရယူလျက်ရှိကြောင်း သိရသည်။

ကျော်သူရ