ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ နှစ်ဆုံးစာမေးပွဲဖြေဆို

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား/ကျောင်းသူများ နှစ်ဆုံးစာမေးပွဲများကို ယမန်နေ့ကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် ၊ရန်ကင်းမြို့နယ် အမှတ်(၇)ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းသွယ်ရှိမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၀န်ထမ်းများအား မီးဘေးအန္တရာယ် ဖြစ်ပွားမှုမရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ  အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦးလက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြမှုများအား ယနေ့ နံနက်(၁၀)နာရီက  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျိုက်လတ်၌ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်အတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ၊ မရှိ တာဝန်ရှိသူများ ယနေ့နံနက်ပိုင်းက ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မြို့ပေါ်ရပ်ကွက်များနှင့် မြို့မဈေးကြီးအတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းများ ဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်က ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကချင်ပြည်နယ်တရားလွှတ်တော်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၂၈)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များအား ခရိုင်/မြို့နယ်တရားသူကြီးများနှင့် တရားရေးအရာရှိများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တရားလွှတ်တော်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားသူကြီး များ၊ ခရိုင်တရားသူကြီးများ၏ (၂၈) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေး မှာကြားချက်များ အား ကချင်ပြည်နယ်တရားလွှတ်တော်၌ ထပ်ဆင့်ရှင်းလင်းပွဲအခမ်းအနားကို ပြည်နယ်တရား လွှတ်တော်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် စက်မှုလယ်ယာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မှု၊ ရေစုကန်များပြုပြင်မှုနှင့် စံပြစိုက်ခင်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ နွားလဝိုးကျေးရွာအုပ်စု၊ ပဒါးညေးကျေးရွာ စနစ်ကျလယ်မြေဖော်ထုတ်ခြင်း လုပ်ငန်းစီမံကိန်းဆောင်ရွက်မှု၊ တိမ်ကောနေသည့် ပဒါးညေးကန် ပြန်လည်တူးဖော်မှုနှင့် စံပြဟင်းသီးဟင်းရွက် စိုက်ခင်းများ ဆောင်ရွက်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဘိုကလေးမြို့နယ် အ.ထ.က(ပေချောင်းကြီး) တက္ကသိုလ်ဝင်တန်း စာစစ်ဌာနအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်

(၂၀၂၅)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာနအဖြစ် အသုံးပြုမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊  ဘိုကလေးမြို့နယ်၊ မလော့ကျေးရွာအုပ်စုရှိ၊ အ.ထ.က (ပေချောင်းကြီး) စာသင်ကျောင်းအား မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယနေ့နံနက်(၁၁)နာရီအချိန်၌ လိုအပ်သည်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

တံတားဦးမြို့နယ်ရှိ ကျေးလက်လမ်းများအား မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍားရေးနှစ် ပြည်ထောင်စု(လမ်းပြင်ဆင်ထိန်းသိမ်းခြင်း) ရန်ပုံငွေဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်လျက်ရှိသော သားများဘကျေးရွာအဝင်လမ်း (0km-2km)အတွင်း လမ်းတာဘောင်ပျက်စီးသောအပိုင်းများအား ဂျင်းခင်းပြုပြင်ခြင်း(0.26kmx 4.57m x100mm) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်း၊ ကျောက်ဆည်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)၊ တံတားဦးမြို့နယ်တာဝန်ခံ ဒေါ်သန္တာဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ကော့မှူးမြို့နယ်လျှပ်စစ်မန်နေဂျာရုံး၌ မီးဘေးအန္တရာယ်ပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြ

ပွင့်လင်းရာသီရောက်ရှိလာသည်နှင့်အမျှ ဌာနဆိုင်ရာရုံးများ မီးလောင်မှု မီးလန့်မှုများမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ကရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့်မြို့နယ်လျှပ်စစ်မန်နေဂျာရုံးတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောခြင်းနှင့်မီးငြှိမ်းသတ်ခြင်းလက်တွေ့သရုပ်ပြခြင်းကို မြို့နယ်လျှပ်စစ်မန်နေဂျာရုံးဝန်းအတွင်း၌ကျင်းပခဲ့ကြောင်းသိရသည်။

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်းရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း ၍ စာရေးဆရာ ဒေါက်တာမာမာဆွေ ရေးသားသော “သက်ရှည်ကျန်းမာနေလိုငြား လိုရင်းတိုရှင်း နည်းလမ်းများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to