နတ်တလင်း ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်များအား အရည်အသွေးပြည့်ဝသော Quality AN care ၈ ကြိမ်ရရှိနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါဆောင်ရွက်ပေးခြင်းကို နတ်တလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးအေးသန့်၏ ဦးဆောင်မှုဖြင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ မိခင်ကလေးကျောင်းကျန်းမာအာဟာရဦးစီးအရာရှိ ဒေါက်ခိုင်သဉ္ဇာနှင့် ဝန်ထမ်းများမှ ကိုယ်ဝန်ဆောင်(၃၀)ဦးအား ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုပေးခြင်း၊ ကိုယ်ဝန်ဆောင်များ၏ သွားကျန်းမာရေးအသိပညာပေးခြင်း၊ ကိုယ်ဝန်ဆောင်များ အာဟာရညီညွတ်မျှတစွာ စားသောက်စေရေးကျန်းမာရေး အသိပညာမြှင့်တင်ခြင်း၊ အပြန်အလှန်အမေးအဖြေပြုလုပ်၍ ဆုချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)