ကျောက်တော်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးကိစ္စများကို ဆောင်ရွက်နိုင်ရး ဗိုလ်မှူးချုပ်အောင်သူဦး မြို့နယ်တွင်း ထိခိုက်ပျက်စီးမှုများ ကြည့်ရှုစစ်ဆေး

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊‌ ကျောက်တော်မြို့နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူဦး  ဦးဆောင်သောအဖွဲ့ဝင်များသည် မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် နေရာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြသည်။

မြောက်ဦးမြို့နယ်အတွင်း မုန်တိုင်းသင့်ကျေးရွာများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများ လက်ဝယ်အရောက် ပေးအပ်

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မုန်တိုင်းသင့်ကျေးရွာများမှ အိမ်ထောင်စုများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို  ယမန်နေ့ ညနေ ၄ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးဟောင်း၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၃-၅-၂၀၂၃ရက်နေ့ နံနက်ပိုင်းမှစ၍ ကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအတွက် မြို့နယ်ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာနက သန့်ရှင်းသော သောက်သုံးရေရရှိရေး ဖြန့်ဝေဆောင်ရွက်

ရခိုင်ပြည်နယ်၊ စစ်တေခွရိုင်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေသည့် ပြည်သူများအား မြို့နယ်ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယနေ့နံနက်ပိုင်းက ရေသန့်စင်ကားဖြင့်သန့်ရှင်းသောသောက်သုံးရေများကို ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာအုပ်စုမှ ခနောင်းကြီး ကျေးရွာနှင့်ရွာသစ်ကေကျေးရွာများရှိ ဒေသခံပြည်သူများအားရေသန့်များအားဖြန့်ဝေပေးခဲ့သည်။

ဆရာတော်၊သံဃာတော်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲများ ဆက်ကပ်လှူဒါန်း

နယ်စပ်ရေးရာဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သီတင်းသုံးနေထိုင်တော်မူကြသော ဆရာတော်၊ သံဃာတော်များ၊ ရှင်သာမ‌ဏေများနှင့် သီလရှင်များ ဆွမ်းကိစ္စ ခက်ခဲပင်ပန်းမှုမရှိစေရေးအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အခြေခံလေကြောင်း လူငယ် (အငယ်တန်း) သင်တန်းအမှတ်စဉ် (၁/၂၀၂၃)မှ သင်တန်းသား၊ သင်တန်းသူများအား ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်

ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်(အငယ်တန်း) သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ကို ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ ယမန်နေ့ ညနေပိုင်းက သင်တန်း ပြီးမြောက်၍ သင်တန်းစခန်း(မကွေး)သို့ ပြန်လည်ရောက်ရှိလာသည့် အခြေခံလေကြောင်း လူငယ်(အငယ်တန်း) သင်တန်းသား၊ သင်တန်းသူများအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်ချုပ်ထွန်းဝင်း၊ မကွေး လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးချုပ် စိုးတင်လတ်၊ မကွေးတပ်နယ်မှူးနှင့် တာဝန်ရှိသူတို့က မကွေးလေဆိပ်တွင် ကြိုဆိုခဲ့ကြပြီး သင်တန်းစခန်း(မကွေး)ခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခဲ့သည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် အလွန့်အလွန် အင်အားပြင်းထန်သော မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားသော ဓာတ်အားလိုင်းများ ပြင်ဆင်နေမှု နှင့် လမ်းမီးထွန်းညှိဆောင်ရွက်ပေးသွားမည်

၂၀၂၃ ခုနှစ်၊ မေလ ( ၁၄ ) ရက်နေ့တွင် တိုက်ခတ်ခဲ့သော အလွန့်အလွန်အင်အား ပြင်းထန်သော မိုခါ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စစ်တွေခရိုင်၊ မောင်တောခရိုင်၊ မြောက်ဦးခရိုင်တို့တွင် ၁၁ ကေဗွီဓာတ်အားလိုင်းများ၊ ၁၁/၀.၄ ကေဗွီ ဓာတ်အားခွဲရုံများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများ ထိခိုက်ပျက်စီးခဲ့ပါသည်။ ၂၃၀ ကေဗွီ အမ်း-ပုဏ္ဏားကျွန်း ဓာတ်အားလိုင်းအပါဝင် ၆၆ ကေဗွီ စစ်တွေ၊ ကျောက်တော်၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောဓာတ်အား လိုင်းများနှင့် ၃၃ ကေဗွီ မြေပုံ၊ ပေါက်တော ဓာတ်အားလိုင်းများလည်း ထိခိုက်ပျက်စီးခဲ့ရပြီး ဓာတ်အားပြတ်တောက်လျက်ရှိသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် အုပ်ချုပ်ရေးမှူးဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံ နေမှု အခြေအနေများအား တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မုန်တိုင်းဘေးကြောင့် လေဘေးသင့် ပျက်စီးဆုံရှုံးခဲ့သော ကျေးရွာများကို ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် ပါဝင်သည့် တာဝန်ရှိသူများသည် ယနေ့နေ့လည်ပိုင်းက ကျေးရွာများအတွင်း ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းအပ်လက်ခံနေမှု အခြေအနေများအား တာဝန်ရှိသူ များက မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ကြသည်။

"မိုခါ" ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်အောင်သူ​ဦး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် (မိုခါ) ဆိုင်ကလုန်းမုန်တိုင်းအပြီး ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to