ရွှေကျင် အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အလက(ခွဲ)မကျည်းတန်းကျောင်း၌ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း၌ မြို့နယ်ပညာရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်းကို ဆင်းရဲနွမ်းပါးသက်သာစေရန် ရည်ရွယ်ချက်ဖြင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးနှင့် တပ်စုမှူးများက ကျောင်းသား၊ကျောင်းသူများအား စာတွေ့ လက်တွေ့ဖြင့် သုံးရက်ကြာ သင်တန်းဖွင့်လှစ်ပေးခြင်းဖြစ်သည်။
ရှေးဦးပြုစုနည်း(အခြေခံ)သင်တန်းသို့ တက်ရောက်ထားသော ကျောင်းသား၊ကျောင်းသူများအနေဖြင့် မိမိတစ်ကိုယ်ရေကျန်းမာရေးနှင့်ပတ်ဝန်းကျင်ရှိ ပြည်သူများအားကျန်းမာရေးနှင့် ပတ်သက်၍ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ရှေးဦးပြုစုနည်း(အခြေခံ)ဖြင့် ကူညီကယ်တင် စောင့် ရှောက်ပေးနိုင်မည်ဖြစ်ပြီး သင်တန်းသို့ ကြက်ခြေနီလုပ်ငန်းအားစိတ်ပါဝင်စားသူ ကျောင်းသားကျောင်းသူ (၅၁) ဦး တက်ရောက်နေကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)