လဟယ်မြို့တွင် မူလတန်းကြိုကျောင်း၀တ်စုံ(၂၀၀)စုံထောက်ပံ့ပေးအပ်

လဟယ် အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် လူမှု၀န်ထမ်းဦးစီး ဌာနက ထောက်ပံ့သည့် မူလတန်းကြို ကျောင်း၀တ်စုံ ထောက်ပံ့ပေးအပ်ပွဲကို အောက်တိုဘာ ၂၁ က လဟယ်မူလတန်းကြိုကျောင်း၌ ကျင်းပပါသည်။

ရှေးဦးစွာ လဟယ်မြို့ မူလတန်းကြိုကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်ညီထုံးက မူကြို၀တ်စုံ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကျောင်းသားမိဘများအားရှင်းလင်းပါသည်။ ထို့နောက် လဟယ်မြို့နယ် လူမှု၀န်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကိုင်၀မ်မှ မူကြိုကျောင်းသား မိဘများထံ မူကြို၀တ်စုံ (၂၀၀)စုံအားပေးအပ်ပြီး မူကြိုကျောင်းအုပ်ဆရာမ ဒေါ်ညီထုံးမှ မူကြိုကလေးများအား၀တ်စုံ (၂)စုံစီပေးအပ်ပါသည်။

အဆိုပါ ၀တ်စုံကို လူမှု၀န်ထမ်းဦးစီးဌာနမှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ၀တ်စုံပေးအပ်ပွဲသို့ မူကြို ကျောင်းသားမိဘများတက်ရောက်ခဲ့ကြောင်းသိရသည်။

(မြို့နယ်ပြန်/ဆက်)