သဲကုန်း အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း မြို့နယ် ဇီးအုပ်ကျေးရွာ မြစိမ်းရောင် စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၁ ရက်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
ရှေးဦးစွာ သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးယဉ်ထွေးက အဖွင့်အမှာစကား ပြောကြားပြီး နတ်တလင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးဌေးလွင်စိုးက မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာအေးက အကြံပြုဆွေးနွေးပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးအောင်ဝင်း ကနေကြာမျိုးစေ့ ဖြန့်ဝေမှုနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက ဇီးအုပ်ကျေးရွာ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ) ရန်ပုံငွေကြီးကြပ်မှုကော်မတီဝင်များထံသို့ ရန်ပုံငွေကျပ်သိန်း (၂၀၀)နှင့်နေကြာမျိုးစေ့ ထုပ်များအား လွှဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်